Skip to main content

Duplicate Manager (224KB)

ကျွန်တော်တို့ Mobile Devices (Mobile Phones) အသုံးပြုသူတွေဟာ အသုံးပြုတာကြာလာတာနဲ့ အမျှ ကိုယ်မှာရှိပြီးသား File တွေကို မသိတော့ဘဲ (မရှိသေးဘူးထင်လို့) ထပ်ပြီး Save လုပ်မိတတ် (ထပ်သိမ်းမိ) တတ်ပါတယ်.. ဒါကြောင့် မလိုအပ်ဘဲ File တွေ ပွားပြီး (Duplicate ဖြစ်ပြီး)၊ Memory  စားပြီး ကိုယ်လိုအပ်တဲ့ File တွေထပ် သိမ်းမရတော့တဲ့အထိ ဖြစ်လာပါတော့တယ် (ဥပမာ – Fackbook က ကိုယ်ကြိုက်တဲ့ Photo တွေကို နှစ်ခါသုံးခါ Save Photo လုပ်မိတာမျိုးပေါ့။ အများအခေါ် Memory Full ဖြစ်တယ်ပေါ့)..အဲဒီတော့ ကိုယ် မဖျက်ချင် တဲ့၊ File Size ကြီးတဲ့၊ မဖျက်ရက်တဲ့ HD Video တွေ ကိုဖျက်ရတော့တာပေါ့လေ..😊😊 ဒီလိုမှမဟုတ်လဲ (တစ်ချို့ဆြာကြီးတွေဆိုရင်) File Manager ထဲမှာ ကိုယ်သံသယရှိရာ နှစ်ခုသုံးခုပွားနေတဲ့ File တွေလိုက် ရှာပြီး၊ ဖျက်ရတော့တာပေါ့..
         အခုတော့ အဲလိုလိုက်ရှာစရာမလိုတော့ဘဲ လွယ်လွယ်ကူကူ သိနိုင်ပြီး၊ မလိုအပ်ဘဲ နှစ်ခုသုံးခုပွားနေတဲ့ File တွေကို Quickly & Easily Delete လုပ်နိုင်ဖို့ ဒီ Duplicate Manager Apk လေးက ကူညီပေးသွားမှာဖြစ် ပါတယ်..အသုံးပြုရတာလွယ်ပါတယ်…(အခုခေတ် လူငယ်တွေကတော့ အသုံးပြုနည်း ပြောပြစရာတောင် မလိုဘူးထင်ပါတယ်..ဒါပေမယ့် ကျွန်တော်တို့လို အဘိုးကြီးတွေက အရိပ်ပြမှ အကောင်မြင်တတ်တာကလား.. စတာပါဗျာ..ကဲကဲ Beginner တွေအတွက်ဘဲဖြစ်ဖြစ် အသုံးပြုနည်းလေးပါ တွဲတင်ပေးလိုက်ပါတယ်..) ဒါလေးသုံးပြီးသွားရင်တော့ ကိုယ့်ရဲ့ Memory Storage ဘယ်လောက်လွတ်သွားတယ်ဆိုတာ ကျွန်တော် ပြောဖို့ မလိုတော့ပါဘူးဗျာ..
          အသုံးပြုနည်းက >>> ကိုယ့်ဖုန်းမှာ ဒီ Apk လေးကို Install လုပ်ပြီးရင် Apk (Duplicate Manager) ထဲကို ဝင်ပါ။ အဲဒီ့မှာ Manage Duplicate Files ရယ်၊ Manage Duplicate Contacts နဲ့ Setting ရယ် ဆိုပြီး ၃မျိုးတွေ့ရမှာပါ..
          အခုပထမဆုံး အဲဒါတွေထဲက Manage Duplicate Files ကိုနှိပ်ပါ၊ အဲဒါဆို File Manager (File Explorer or My File) ထဲမှာရှိတဲ့ File တွေကိုပြပေးနေမှာဖြစ်ပါတယ် (File တွေပြမနေဘူးဆိုရင်လည်း Browse ဆိုတဲ့ အစိမ်းရောင်လေးကိုနှိပ်ပြီး မြားကွေးအပြာနုရောင်လေးကိုထပ်နှိပ် ကြိုက်တဲ့ Folder ကို ရွေး Select ကိုနှိပ်ပါ).. ပြီးရင် Search ဆိုတဲ့ အပြာရောင်လေးကိုနှိပ်ပြီး ခဏစောင့်ပါ..Searching Duplicate Files ဆိုတာ ပြပြီး Results တွေကို ထုတ်ပေးမှာဖြစ်ပါတယ်..(File အရမ်းများနေရင် Searching ကြာနိုင်ပါတယ်..ပုံမှန်ဆို ၁မိနစ်ပင် မကြာပါ) Results ဆိုတဲ့ ခောင်းစဉ် အောက်မှာ Video၊ Images၊ Others ဆိုပြီး Tabs သုံးခုပြနေမှာပါ..အဲဒီမှာ Video ဆိုတဲ့ Tab ကိုနှိပ်ကြည့်ရင် Groups: 1 ရယ် , Files: 2 ရယ် (Groups:1 , Files:2 ဆိုတာ Video ၁ခုထဲကို File ၂ခုထပ်နေပါတယ်လို့ပြောတာပါ..(Group:2, Files:4 ဆိုရင် Video ၂ခုကို File ၄ခုထပ်နေတယ်ပေါ့)) ကိုတွေ့ရမှာပါ..ဒီထက်မကလည်း တွေ့ကောင်းတွေ့ရနိုင်ပါတယ်..အဲဒါဆို အောက်က အမည်းကွက်ထဲက File မှာ မြားချွန်ပုံစံလေး (>) ကိုနှိပ်လိုက်တဲ့အခါ Details ပြပေးမှာပါ..File နှစ်ခုပြထားတယ်ဆိုရင် တစ်ခုကို ဘေးက အကွက်ကလေးမှာ ထောက်လို့ အမှန်ခြစ်ပေးပါ..ပြီးရင် ဟိုးအောက်က Delete Selected ဆိုတဲ့ အနီရောင်ကလေးကို နှိပ်ပါ..Yes or No မေးရင် Yes ကိုရွေးပါ၊ ဒါဆို File ၁ခုပျက်သွားပြီး ရှေ့ကို Back နဲ့ ပြန်သွားလို့ရပါပြီ..ဒါဆို Video Tab မှာ Groups: 0, Files: 0 ဆိုပြီးပြသနေတော့မှာဖြစ်ပါတယ် (နဂိုတည်းက ဘာမှ မရှိရင်လည်း ဒီလိုဘဲပြတတ်ပါတယ်).. 👉 သတိပြုစေချင်တာက Select All ကို မနှိပ်မိပါစေနဲ့ (အမှန်ခြစ်မပေးမိပါစေနှင့်) ဘာကြောင့်လည်းဆိုတော့ သူက ရှိသမျှ File တွေအကုန်လုံးကိုပြထားတာကြောင့် အကုန်လုံး Select လုပ်မိတယ်ဆိုရင် File တစ်ခုမှ ကျန်မှာ မဟုတ်တော့ပါဘူး..ဒါကြောင့် ဘယ်နှစ်ခုဘဲ ပြထား ထား အမြဲတစ်ခု ချန်ပါ (အပေါ်ဆုံးကတစ်ခုကိုဘဲဖြစ်ဖြစ် အမြဲတစ်ခုချန်ပါ)..မဖျက်ခင် ပြထားတဲ့ File လေးတွေ တစ်ခုချင်းထောက်ပြီး၊ ဘာလေးပါလိမ့်ဆိုပြီး View ကြည့်လို့ရပါတယ်..ကိုယ့်အတွက် အသုံးမလိုတဲ့ File တွေဆိုရင်တော့ အကုန်လုံးဖျက်လိုက်တာ ကောင်းပါ တယ်လေ..ကျန်တဲ့ Tab တွေဖြစ်တဲ့ Images တို့ Others တို့ကိုလည်း ဒီပုံစံအတိုင်းပါပဲ (ထိုနည်း၎င်း ထိုနည်း၎င်း) ဖျက်လို့ရပါတယ်..Tabs အကုန်လုံး (Groups= 0, Files= 0) တွေဖြစ်နေပြီဆိုရင်တော့ Duplicate File တွေ လုံးဝမရှိတော့ဘဲ အောင်မြင်စွာ ဖြတ်တောက်ပြီး ဖြစ်ပါတယ်.. (Duplicate ဖြစ်နေတဲ့ (နှစ်ခုသုံးခုထပ်နေတဲ့) Contacts တွေကိုလည်း အထက်ပါနည်းအတိုင်း ဖျက်နိုင်ပါတယ်.. Setting ကိုတော့ ဘာမှဝင်ပြင်မနေပါနဲ့ဗျာ.. ပိုကျွမ်းချင်တယ် ဆိုလည်း သဘောပေါ့ဗျာ..)
              ဒီ Application ကနေ Back နဲ့ပြန်ထွက်ပြီးတဲ့အခါ Gallery ကိုပြန်စစ်ပါ..Video, Music နဲ့ Photo တွေကို ဒီအတိုင်းပြန်တွေ့ရမှာပါ.. Setting ထဲမှာ Storage (Memory) ကိုလည်း ပြန်စစ်ပါ..သိသာထင်ရှားတဲ့ အပြောင်းအလဲတစ်ခုကို သင် လက်တွေ့ကြုံရပါလိမ့်မယ်လို့ ကျွန်ုပ် အထူးပင် ယုံကြည်မိပါကြောင်း သတင်းကောင်းပါးလိုက်ရပါတော့တယ်ခင်ဗျာ…
Download Here
icon
vC4q9XL-K9nsxI7SmLHMD4AJgmc8o5Y9l8nFTFh9g2Xxgqq6x_4-z_3jijVOkeKMlnA=h900
unnamed

Comments

Popular posts from this blog

အခြေခံဂစ်တာတီးခတ်နည်း (ကိုပေါက်)(18Mb)

Guitar ဝါသနာရှင် လူငယ်များအတွက် ဝါသနာတူသူခြင်း ရှာဖွေပြီးမျှဝေလိုက်ပါတယ်..စမ်းကြည့်ကြပေါ့ဗျာ..နောက်နောင်လည်း Guitar တီးခတ်နည်း စာအုပ်လေးတွေ တင်ပေးဖို့ရှိပါတယ်..အဆင်ပြေကြပါစေဗျာ… Download Here Note : မူရင်း Site ဖြစ်တဲ့ မြန်မာအွန်လိုင်းစာအုပ်စင် ကို Credit ပေးပါတယ်ဗျာ…

Muzhiwan Installer (20MB)

Android Applications (Apks) တွေဟာ ပုံမှန်အားဖြင့် PC တွေမှာ ပုံပေါ်လေ့မရှိပါဘူး။ ဒါပေမယ့် ဒီ Muzhiwan Installer လေးကတော့ PC တွေမှာ Install လုပ်ထားရင် computer desktop ပေါ်မှာ Android တွေမှာ မြင်ရတဲ့ အတိုင်း ဖော်ပေးမှာဖြစ်ပါတယ်..ကြာပြီဆိုပေမယ့် အကိုတစ်ယောက်က ပေးပါဦး တောင်းထားလို့ တင်ပေးရခြင်းဖြစ်ပါတယ်..ဒီ APP နဲ့ပတ်သတ်ပြီး အခြား Features တွေလည်းရှိပေမယ့် စာဖောင်မှာစိုးလို့ မပြောတော့ပါဘူး..ဥာဏ်ရှိသလိုသာ သုံးကြပါတော့ဗျာ.. Download Here

၃၈ ဖြာမင်္ဂလာပုံပြင်များ (8.91MB)

စာအုပ်လေးတွေ မတင်တာကြာပြီမို့လို့ ဒီတစ်ခါတော့ ကလေးများအတွက်သာမက လူကြီးများအတွက်ပါ ဗဟုသုတ တိုးပွားစေရန် ရည်သန်၍ ဆရာ မင်းယုဝေပုံဖော်ထားတဲ့ “၃၈ဖြာမင်္ဂလာပုံပြင်များ” စာအုပ်လေးကို တင်ပေးလိုက်ပါတယ်… Download Here Note : မူရင်း Site ဖြစ်တဲ့  http://www.dhammadownload.com ကို Credit ပေးပါသည်။