Skip to main content

Building Free Website or Making Blog (6.73MB)

ဒီစာအုပ်လေးကတော့ ကိုယ်ပိုင် Website တစ်ခုကို Develop လုပ်လိုသူတွေအတွက် Sayar Nyi Lin Set ရေးထားတဲ့ Blogspot သုံးပြီး Blog or Free Website ပြုလုပ်နည်းအကြာင်းဖြစ်ပါတယ်.. လွယ်လွယ်ရှင်းရှင်း  ရေးထားတာပါ.. (ကျွန်တော် Website တွေကို စတင်စိတ်ဝင်စားစဉ်အခါက ဒီစာအုပ်လေး တွေကို အခြေပြုပြီး Blog တွေနဲ့ရင်းနှီးခွင့်ရခဲ့တာပါ..ကျေးဇူးကြီးလှပါတယ်) တစ်ခါဘူးမျှ Website မရေးဘူးတဲ့ ညီအကိုတွေ အတွက် ရည်ရွယ်တဲ့ Beginner Guide လေးဖြစ်ပါတယ်။ အသုံးတည့်မယ်လို့ထင်ပါတယ်ဗျာ…

Download Here








                 ကဲ စကားနည်းနည်းရှည်မယ်ဗျာ။ ဒီစာအုပ်လေးကို Sharing လုပ်ပေးရတဲ့ အကြောင်းရင်းက ယနေ့ခေတ်လူငယ်တွေကို အထူး ရည်ရွယ်ပြီး ဝေမျှတဲ့သဘောပါ။ တိုးတက်နေတဲ့ တစ်ချို့သော ပြည်ပနိုင်ငံ တွေမှာ ကျောင်းသားအရွယ် လူငယ် တွေ(အတော်များများ) ဟာ ကိုယ်ပိုင် Web တွေလွှင့်တင်ထားတတ်ကြပါ တယ်။ ကျောင်းသားတွေက အချင်းချင်း Data တွေ Document တွေကို ကိုယ်ပိုင် Web တွေပေါ်မှာ Sharing & Collection လုပ်တယ်ပေါ့။  ကျောင်းက ဆရာ၊ ဆရာမတွေ အနေနဲ့ကလည်း လိုအပ်တဲ့ တစ်ချို့သော Lecture, Lesson, Sample Exam Question တွေကို ၎င်းတို့ ကိုယ်ပိုင် Website တွေမှာ တင်ပေးထားပြီး၊ ကျောင်းသားတွေကို ဘယ်နေ့ ဘာသင်မှာမို့ ဘယ် Link ကနေ ဘာကို Download ဆွဲထားပါဆိုပြီး၊ ဆိုပါတော့ E-Learning system နဲ့ သွားပါတယ်။
                   ဆိုလိုတာက ဒါဟာ တိုင်းတပါးကို အားကျဖို့ပြောနေတာမဟုတ်ပါဘူးနော်။ အတုယူသင့်တဲ့ အပိုင်းလေးတွေ ကို ရွေးပြီး နားလည်စေချင်လို့ပါ။ ဒီလိုပြောနေလို့ ကျွန်တော်ဟာ သိလွန်းတတ်လွန်းလို့ ပြောနေတာမဟုတ်ပါ ဘူး။ ကျွန်တော်ကို၌ကလည်း IT Industry မှာ Professional တစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့ လေ့လာဆဲ၊ သင်ယူဆဲ သာမာန်လူတစ်ယောက်မျှသာဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ ဆီက သင်တန်းကျောင်းတစ်ချို့မှာလည်း ဒီ System နဲ့သွားတာတွေ့ရတော့ ပီတိဖြစ်မိပါတယ်။ အခုဒီစာဖတ်နေတဲ့ ညီငယ်၊ ညီမငယ်တို့ကို ပြောချင်တာက ယနေ့ IT ခေတ်ကြီးထဲမှာ ခေတ်လူငယ်တွေ အနေနဲ့  Facebook ထဲမှာလောက်ပဲ ခောင်းစိုက်မနေဘဲ၊ဒီ့ထက်မက လေ့လာစေချင်တာပါ။ ကိုယ်ပိုင် Website လေးတစ်ခုလောက်တော့ ရှိအောင်လုပ်ထားပါ။ မရှိရင်ဘာဖြစ်မလဲ။ ဘာမှမဖြစ်ပါဘူး။ ဘာနဲ့တူလဲဆိုရင် လူချင်းအတူတူ စက်ဘီးစီးတတ်တဲ့လူနဲ့ မစီးတတ်တဲ့သူလိုပါပဲ။ ဈေးထဲမုန့်သွားဝယ်တဲ့အခါ မစီးတတ်တဲ့သူက လမ်းလျှောက်ပြီးသွားရတာနဲ့ စီးတတ်တဲ့သူက ပိုမြန်ပြီး အရင်ရောက်နေသလိုပဲပေါ့။ Website တစ်ခု (ဝါ) Blog တစ်ခုလုပ်တယ်ဆိုတာ ထင်သလောက်မခက်ပါဘူး။ Fresh Brain နဲ့ လူငယ်တွေဆို ပိုလွယ်ပါတယ်။ လူကြီးမိဘခိုင်းတာလေးတွေလည်းလုပ်ပါ။ အလုပ်လုပ်နေတဲ့သူတွေဆိုလည်း အလုပ်တွေပြီးလို့ အိမ်ပြန်ရောက်တဲ့အခါ ဖုန်းလေးကိုင်ပြီး Facebook သုံးတဲ့ အချိန်ကို နည်းနည်းဖဲ့ပြီး၊ Web Language တွေကိုလည်း လေ့လာပေးပါ။ မဖြစ်မနေ Free Website လေးတစ်ခုကို တည်ထောင်ပြီး၊ ပုံမှန် Develop & Maintain လုပ်ပါ (ကိုယ်ပိုင် အခပေး Website တစ်ခု မပြုလုပ်နိုင်ခင်မှာ Free Website Develop လုပ်ခြင်းဟာ Experience အများကြီးရစေ,ဖြစ်စေမှာပါ)။ ကျွန်တော်ကလည်း နောက်ပိုင်းမှာ  Enterprise Level အထိ သုံးနိုင်တဲ့ Free Website တွေအသုံးပြုနည်းတွေအကြောင်းအပြင် HTML, JAVA စတဲ့ Web Language တွေအကြောင်းရေးထားတဲ့ စာအုပ်တွေ၊ Professional Web Developer အထိသွားနိုင်တဲ့ စာအုပ်တွေကို ဆက်လက်မျှဝေပေးသွားဖို့ အစီအစဉ်ရှိပါတယ်။
                       အခုကစပြီး အပေါ်ကစာတွေနဲ့ မတူညီတဲ့အပိုင်းတွေကိုပြောသွားမှာပါ။ Website တစ်ခု ပြုလုပ်တော့မယ်ဆိုရင် ညီတို့၊ ညီမတို့မှာ ကိုယ်ပိုင် Gmail (i.e. Email) Account တစ်ခု မဖြစ်မနေရှိနေရမှာ ဖြစ်ပါတယ်။ ကိုယ်က Blogger တစ်ယောက်၊ Web Developer တစ်ယောက် လုပ်တော့မယ်၊ ဒီလောကထဲ၊ ဒီ Industry ထဲဝင်တော့မယ်ဆိုရင် ကိုယ့်ဟာကိုယ်ပြန်မေးရမှာက ကိုယ်ဘယ်လောက်ထိ စာဖတ်နိုင်လဲဆိုတာ ပါပဲ။ စာမဖတ်နိုင်ဘူးဆိုရင်တော့ အစောကြီးထဲက လက်ပြ နှုတ်ဆက်လိုက်ပါလို့ ပြောပါရစေ။ စာများများဖတ်မှ သာ ယနေ့ဘာတွေ update ဖြစ်နေတယ်၊ ကိုယ့် Site ကို ဘယ် Plugin နဲ့ ဘယ်လို Upgrade လုပ်နိုင်မယ်ဆို တာ သိမှာဖြစ်ပါတယ်။ နောက်ပြီး Free link တွေသုံးတဲ့အခါ စိတ်မချရတဲ့၊လုံခြုံမှုအားနည်းတဲ့ Open Source တွေဖြစ်တာကြောင့် Hacker တွေရဲ့ ရန်ကလည်း စိုးရိမ်စရာဖြစ်နေပါတယ်။ ကြောက်လို့မလုပ်ရင်လည်း မဖြစ် ရုံသာရှိမှာပါ။ ကိုယ်နဲ့ ဝါသနာတူ၊ ကိုယ့်ထက်ဝါကြီးတဲ့ အကိုတော်၊ နောင်တော်တွေရဲ့ Blog တွေ၊ Website တွေကိုလည်း အချိန်ရတိုင်း ဝင်ကြည့်ပြီး သူတို့တွေဆီက နည်းနာနိဿယတွေကိုလည်း လေ့လာရပါတယ်။ ကိုယ့်ရဲ့ Site ကို မိမိရင်မှဖြစ်တဲ့သားလို၊ ပိုးမွေးသလို မွေးမြူပြီး အရိပ်တကြည့်ကြည့်နေရပါတယ်။ Post တွေ ကိုလည်း မအားတဲ့ကြားက နေ့စဉ် မဟုတ်တောင် သုံးရက်တစ်ခါ တစ်ပတ်တစ်ခါလောက်ရေးတဲ့အပြင် ကိုယ့် Site ရဲ့ Visitors မည်မျှရှိတယ်၊ သူတို့တွေက ဘယ် Post တွေကို ပိုကြိုက်တတ်လဲ ဆိုတာပါချင့်ချိန်ရပါတယ်။ Posts မတင်နိုင်တဲ့ Site ဟာ အပြေးပြိုင်ပွဲ တစ်ခုမှာ ဆက်မပြေးနိုင်တော့တဲ့ အပြေးသမားတစ်ယောက်လို ကျန်နေခဲ့တော့တာပါပဲ။ ဒါ့အပြင် အဆိုးဆုံးက ညီမောင်တို့မှာ ကိုယ်ပိုင် Computer (PC) တစ်လုံးလည်းရှိနေဖို့ လိုအပ်ခြင်းပါပဲ။ အချို့သော Web Language တွေ၊ Software တွေဟာ PC တွေမှာပဲ သုံးလို့ အဆင်ပြေတာ မျိုးတွေပါတဲ့အတွက် မည်မျှကောင်းတဲ့၊ Generation မြင့်တဲ့ Mobile Phone ဖြစ်နေပါစေ ယနေ့ အချိန်ထိ PC တွေကို အဘက်ဘက်မှာ ပုခုံးခြင်းယှဉ်နိုင်ခြင်း မရှိသေးပါဘူး။
                  ဘယ်နှယ့်လဲ ဒါတွေပြောလို့ စိတ်ပျက်သွားပြီလား။ စိတ်တော့မပျက်လိုက်ကြပါနဲ့။ ညီငယ်၊ ညီမငယ်တို့ဟာ အနာဂတ်ကိုပုံဖော်မယ့်သူတွေ၊ တိုင်းပြည်ကို ဦးဆောင်မယ့်သူတွေပါ။ ဒီတော့ Web Language တွေ အကြောင်းကို အများကြီး မဖတ်နိုင်ရင် နိုင်သလောက်လေး၊ တစ်နေ့ကို စာမျက်နှာ ၃မျက်နှာ လောက်ပေါ့။ Hacker တွေကိုလည်း အထူးတလည် ကြောက်နေဖို့ မလိုပါဘူး၊ သူတို့အတွက် အကျိုးမရှိရင် (There’s no money ဆိုရင်) ညီမောင့် Website ဘက်ကို လေတောင်လှည့် မချွန်ပါဘူး။ (အပျော်တမ်း Hacker (Grey Hat) မဟုတ်ခဲ့ဘူးဆိုရင်ပေါ့လေ 😊😊 )။ Post တွေ များများ Publish လုပ်နိုင်ရင်တော့ ကောင်းတာပေါ့လေ၊ မလုပ်နိုင်လဲ ဘာမှမဖြစ်ပါဘူး (အခုဒီစာရေးနေတဲ့ ကျွန်တော်ကိုယ်တိုင်တောင်မှ တစ်ခါ တစ်လေ Bill မရှိတဲ့အခါ Posts မတင်နိုင်ဘဲ၊ နှစ်ပတ် သုံးပတ်လောက် Offline ဖြစ်နေတတ်တာမျိုးပါ..)။ Computer (PC) မရှိတာမျိုးက မိမိဘဝရဲ့ အခြေအနေနဲ့ အချိန်အခါ၊ လူနေမှုပုံစံနှင့် အသိပညာ မတူညီကြခြင်းအရ ဖြစ်တတ်ပါတယ်..ဒါပေမယ့် ယနေ့ခေတ်မှာ PC တစ်လုံးရဲ့တန်ဖိုးဟာ ယခင်ကထက် အများကြီး ဈေးနှုန်းချိုသာလာကြပါတယ်။ လက်ထဲမှာ ဒေါ်လာ ၁၀၀ ကျော်လောက်ရှိရင်ပဲ သင့်တင့်တဲ့ CPU (Processor) နဲ့ PC တစ်လုံးကိုရရှိမှာဖြစ်ပါတယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် အဆင်မပြေလို့ PC မဝယ်ဖြစ်ရင်တောင်မှ လက်ရှိသုံးနေတဲ့ ကိုယ့်ဖုန်းနဲ့ပဲ ရေးလို့ရတဲ့ အပိုင်းတွေရှိပါတယ်။ ဟုတ်ပြီ ကဲဒါဖြင့် ဘယ်လိုရေးမလဲ။ Blogspot, WordPress စတဲ့ Free Domain Website Host Company တွေဟာ သူတို့ ရဲ့ Site တွေကို User တွေအဆင်ပြေပြေသုံးနိုင်ဖို့အတွက် Phone တွေမှာပါ သုံးလို့ရအောင် Mobile Application (APK) တွေအဖြစ်နဲ့ပါ ဖန်တီးပေးထားကြပါတယ်။ ဒါဆို ဘာလိုသေးလဲ။ Gmail Account ဆိုတာကလည်း Facebook သုံးနေကြတဲ့ လူငယ်တွေအတွက် (Phone No. နဲ့ဖွင့်တဲ့သူကလွဲရင်) မဆန်းပါ ဘူးနော်။ ဖုန်းနဲ့ရေးရတာက PC လောက်မလန်းပေမယ့် (Experienced မရပေမယ့်) သူ့ဟာနဲ့သူတော့ အဆင်ပြေပါတယ်။ “သစ်မရခင် ဝါးနဲ့ကွပ်” တဲ့သဘောပေါ့။ ကဲ စာလည်းတော်တော်ဖောင်နေပြီ။ ညီမောင်တို့ ကြိုးစားကြည့်ကွနော်။  ။

Note: မိမိအား ပညာများ မချွင်းမချန်သင်ကြားပေးပါသော ဆရာ၊ဆရာမ အပေါင်းတို့အား ဦးထိပ်တင်လျက် ရှိခိုးကန်တော့ပါ၏။

Comments

Popular posts from this blog

အခြေခံဂစ်တာတီးခတ်နည်း (ကိုပေါက်)(18Mb)

Guitar ဝါသနာရှင် လူငယ်များအတွက် ဝါသနာတူသူခြင်း ရှာဖွေပြီးမျှဝေလိုက်ပါတယ်..စမ်းကြည့်ကြပေါ့ဗျာ..နောက်နောင်လည်း Guitar တီးခတ်နည်း စာအုပ်လေးတွေ တင်ပေးဖို့ရှိပါတယ်..အဆင်ပြေကြပါစေဗျာ… Download Here Note : မူရင်း Site ဖြစ်တဲ့ မြန်မာအွန်လိုင်းစာအုပ်စင် ကို Credit ပေးပါတယ်ဗျာ…

Muzhiwan Installer (20MB)

Android Applications (Apks) တွေဟာ ပုံမှန်အားဖြင့် PC တွေမှာ ပုံပေါ်လေ့မရှိပါဘူး။ ဒါပေမယ့် ဒီ Muzhiwan Installer လေးကတော့ PC တွေမှာ Install လုပ်ထားရင် computer desktop ပေါ်မှာ Android တွေမှာ မြင်ရတဲ့ အတိုင်း ဖော်ပေးမှာဖြစ်ပါတယ်..ကြာပြီဆိုပေမယ့် အကိုတစ်ယောက်က ပေးပါဦး တောင်းထားလို့ တင်ပေးရခြင်းဖြစ်ပါတယ်..ဒီ APP နဲ့ပတ်သတ်ပြီး အခြား Features တွေလည်းရှိပေမယ့် စာဖောင်မှာစိုးလို့ မပြောတော့ပါဘူး..ဥာဏ်ရှိသလိုသာ သုံးကြပါတော့ဗျာ.. Download Here

၃၈ ဖြာမင်္ဂလာပုံပြင်များ (8.91MB)

စာအုပ်လေးတွေ မတင်တာကြာပြီမို့လို့ ဒီတစ်ခါတော့ ကလေးများအတွက်သာမက လူကြီးများအတွက်ပါ ဗဟုသုတ တိုးပွားစေရန် ရည်သန်၍ ဆရာ မင်းယုဝေပုံဖော်ထားတဲ့ “၃၈ဖြာမင်္ဂလာပုံပြင်များ” စာအုပ်လေးကို တင်ပေးလိုက်ပါတယ်… Download Here Note : မူရင်း Site ဖြစ်တဲ့  http://www.dhammadownload.com ကို Credit ပေးပါသည်။