Skip to main content

Posts

Showing posts from October, 2017

Adware Removal Tool by TSA (219.6KB)

   PC တွေမှာ အသုံးပြုတဲ့ Ads Removal Application လေးတစ်ခုဖြစ်ပါတယ်.. Browser တွေနဲ့ Internet သုံးတဲ့အခါ ကိုယ်နဲ့မရင်းနှီးတဲ့၊ Secure မဖြစ်တဲ့ Website တွေကို ဝင်မွှေမိတဲ့အခါမျိုး (e.g. Downloaded Some Fake Apps from Untrusted Sites) မှာ ၎င်း Site တွေကနေ Ads,Popups နဲ့ Adwares တွေ အခန့်မသင့်ရင် ပါလာတတ်တာကြောင့် ဒါတွေကို ဖယ်ရှားဖို့အတွက် ဒီ App လေးကို သုံးရခြင်းဖြစ်ပါတယ်.. တစ်ချို့တွေလည်း သိပြီးဖြစ်မှာပါ..သုံးကြည့်လိုက်ပါဗျ..File Size သေးသေးလေးနဲ့ တကယ်အားကိုးရပါတယ်… Download Here အသုံးပြုနည်းက လွယ်ပါတယ်။ Internet ကိုအရင်ဖွင့်ထားပါ။ ပြီးရင် App ကိုဖွင့်ပြီးခဏစောင့်ပါ သူ Update လုပ်ပါလိမ့်မယ်။ အဲဒီ့နောက် Scan ဆိုတဲ့ ခလုတ်လေးလင်းလာပါလိမ့်မယ်။ ဒါဆို သူ Update ဖြစ်သွားပြီမို့ Scan ကိုနှိပ်ပြီး Adware တွေကို စစ်လို့ရပါပြီ။ Internet လည်း ပိတ်ထားလို့ရပါပြီ။ တစ်အောင့်လောက်ကြာ ရင် Scan ဖတ်ပြီးလို့ ဒီ Object တွေကို Clean လုပ်မှာလားလို့ ပုံမှာပြထားတဲ့အတိုင်း မေးပါလိမ့်မယ်။ OK ပေးပြီး Clean လုပ်ပေး လိုက်ရုံပါပဲ။ နောက်ပြီး Internet Explorer, Firefox စတဲ့ Browser တွေကို Reset လုပ...

Adobe Flash Player (1.1MB)

     PC တွေအတွက် Adobe Flash Player Application လေးပါ.. တစ်ချို့တွေလည်း သိပြီးသားဖြစ်မှာပါ.. မိမိ PC မှာ Flash Player မရှိတဲ့အခါ Mozilla Firefox  အပါအဝင် တစ်ချို့Browser တွေမှာ You Tube နဲ့ တစ်ချို့ Website တွေကပြတဲ့ Video တွေကို ကြည့်လို့မရတဲ့ အခက်အခဲရှိပါတယ်.. ဒီ App လေးကို PC မှာ Install လုပ်ထားမယ်ဆိုရင်တော့ အကုန်အဆင်ပြေသွားမှာဖြစ်ပါတယ်ဗျာ.. Download Here RAR File Password =www.minkhonmahar.com

Building Free Website or Making Blog (6.73MB)

ဒီစာအုပ်လေးကတော့ ကိုယ်ပိုင် Website တစ်ခုကို Develop လုပ်လိုသူတွေအတွက် Sayar Nyi Lin Set ရေးထားတဲ့ Blogspot သုံးပြီး Blog or Free Website ပြုလုပ်နည်းအကြာင်းဖြစ်ပါတယ်.. လွယ်လွယ်ရှင်းရှင်း  ရေးထားတာပါ.. (ကျွန်တော် Website တွေကို စတင်စိတ်ဝင်စားစဉ်အခါက ဒီစာအုပ်လေး တွေကို အခြေပြုပြီး Blog တွေနဲ့ရင်းနှီးခွင့်ရခဲ့တာပါ..ကျေးဇူးကြီးလှပါတယ်) တစ်ခါဘူးမျှ Website မရေးဘူးတဲ့ ညီအကိုတွေ အတွက် ရည်ရွယ်တဲ့ Beginner Guide လေးဖြစ်ပါတယ်။ အသုံးတည့်မယ်လို့ထင်ပါတယ်ဗျာ… Download Here                                        ကဲ စကားနည်းနည်းရှည်မယ်ဗျာ။ ဒီစာအုပ်လေးကို Sharing လုပ်ပေးရတဲ့ အကြောင်းရင်းက ယနေ့ခေတ်လူငယ်တွေကို အထူး ရည်ရွယ်ပြီး ဝေမျှတဲ့သဘောပါ။ တိုးတက်နေတဲ့ တစ်ချို့သော ပြည်ပနိုင်ငံ တွေမှာ ကျောင်းသားအရွယ် လူငယ် တွေ(အတော်များများ) ဟာ ကိုယ်ပိုင် Web တွေလွှင့်တင်ထားတတ်ကြပါ တယ်။ ကျောင်းသားတွေက အချင်းချင...

Beginner’s Guide to Networking (8.60MB)

ဒီစာအုပ်လေးကတော့ IT Industry မှာ Specialists ဖြစ်ချင်ကြတဲ့ ညီအကိုမောင်နှမများအတွက် ဆရာမျိုးသူရ ရေးထားတဲ့ မြန်မာလို Networking စာအုပ်လေးဖြစ်ပါတယ် Beginner တွေကို အထူးရည်ရွယ် ပါတယ်..     ကျွန်တော်ကိုယ်၌ကလည်း လေ့လာဆဲ၊ သင်ယူဆဲ Network သမားတစ်ယောက် ဖြစ်တာကြောင့် ဘဝတူမောင်နှမတွေကို မျှဝေတဲ့သဘောဖြစ်ပါတယ်..စာအုပ်လေးက နည်းနည်းတော့ ကြာနေပါပြီ..ဘယ် Site ကနေ ရထားတာဆိုတာတောင် မသိတော့ပါဘူး..ဒီစာအုပ်လေးကိုရေးပေးတဲ့ ဆရာကလည်း  စေတနာပါ, ပါတယ်..အသုံးတည့်မယ်လို့ မျှော်လင့်မိပါတယ်ဗျာ… *** ဆရာမျိုးသူရ ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း *** Download Here Note: မူရင်း Site ကို Credit ပေးပါတယ်ဗျ…

Spider Man: Homecoming (2017)-(980MB)

Spider Man ရဲ့ Fan တွေအတွက် ဒီ 2017 မှာ အသစ်ထွက်ရှိထားတဲ့ Homecoming (2017) လေးကို Channel Myanmar မှာ တင်ထားတာတွေ့လို့ မျှဝေပေးလိုက်ပါတယ်ဗျာ… Download Here Note: မူရင်း Site ဖြစ်တဲ့ Channel Myanmar ကို Credit ပေးပါတယ်ဗျာ…

Parallel Space (3.1MB)

Phone တစ်လုံးတည်းမှာ မိမိကြိုက်နှစ်သက်တဲ့ Application တွေကို နှစ်ခု တပြိုင်နက်တည်း (Parallel) သုံးချင်တဲ့ သူတွေအတွက် Parallel Space Apk လေးကိုတင်ပေးလိုက်ပါတယ်.. Facebook, Viber စတဲ့ Social App တွေအပြင် အခြား App မျိုးစုံကိုလည်း အဆင်ပြေပြေသုံးလို့ရပါတယ်ဗျ..သုံးကြည့်ပါဦးနော်… Download Here

Type & Speak (251.4KB)

ဒါလေးကတော့ Phone Application တစ်ခုပါ။ ကျောင်းသား/သူများ၊ English စာတိုးတက်ချင်သူများ၊ အသံ ထွက်မှန်လိုသူများအတွက် အထူးရည်ရွယ်ပါတယ်။ ကိုယ်ရိုက်ချင်တဲ့ English Sentence တစ်ကြောင်းကို ဝင် ရိုက်နှိပ်ပြီး၊ Speak ဆိုတာလေးကိုနှိပ်ရင် Phone က ၎င်း Sentence ကို အသံထွက်ဆိုပြမှာဖြစ်ပါတယ်။ Male/ Female အသံထွက်နှစ်မျိုးရှိပြီး၊ volume up/down, talk speed စတာတွေကို လိုသလိုချိန်ညှိနိုင်မှာ ဖြစ်ပါတယ်။ (ပုံမှာပြထားတဲ့အတိုင်း စာပိုဒ်ကြီးတစ်ခုလုံး ရိုက်လည်းရပါတယ်၊ သူက အစအဆုံးဖတ်ပြမှာပါ။) မိမိဖုန်းမှာ Google text speech Engine ရှိရင်ပိုပြီးကောင်းပါတယ်။ အဆင်ပြေပါစေဗျာ…                            အဲဗျာ..မေ့တော့မလို့ သူဖတ်ပြခဲ့တဲ့ Sentence တွေကို mp3 file အနေနဲ့ Save ပြီး၊ နောက်မှ မိမိဖုန်း Music ကနေပြီးလည်း ( ဒီ App ကိုမဖွင့်ဘဲ ) နားထောင်လို့ရသေးတယ်နော်..(ဟဲဟဲ.. သိသူဖော်စား မသိသူကျော်လွှား ပေါ့ဗျာ…) Download Here

ဘဝအတွေ့အကြုံ အတွေးအခေါ် အယူအဆ (ကံချွန်)

ဆရာကံချွန် ရဲ့ ရှားရှားပါးပါး စာအုပ်တွေထဲက တစ်အုပ်ဖြစ်ပါတယ်။ စာဖတ်ပရိတ်သတ်တွေကတော့ ဆရာ့ရဲ့ အာဘော်တွေကို သိပြီးသားမို့ မညွှန်းတော့ပါဘူး။ ဖတ်ကြည့်လိုက်ပါဗျာ… Download Here Credit to : http://www.linhtet.com

လွမ်းပါလေရစ်…သည်းသောင်ငွေဦး (တက္ကသိုလ်ဘုန်းနိုင်)

ဆရာတက္ကသိုလ်ဘုန်းနိုင် ရဲ့ ပရိသတ်တွေအတွက် ကျွန်တော်ကြိုက်တဲ့ သည်ဝတ္တုစာအုပ်လေးကို မျှဝေပေး လိုက်ပါတယ်… Download Here Credit to :  မြန်မာအွန်လိုင်းစာအုပ်စင်

လင်္ကာဒီပချစ်သူ (ချစ်ဦးညို)

“ လင်္ကာဒီပချစ်သူ ” လို့ဆိုလိုက်တာနဲ့ စာဖတ်ပရိသတ်တွေက ဆရာချစ်ဦးညို ကို ပြေးမြင်မိမှာ ဧကန်မလွဲပါ.. တဆက်တည်း ဒဿဂီရိရဲ့ ဘဝ၊ ခါးသီးလှတဲ့ အချစ်ဇာတ်လမ်းကိုလည်း မြင်ယောင်မိမှာပါ..ကဲ ဒီတော့ သိပ်ရှည်ရှည်ဝေးဝေး မညွှန်းနေတော့ပါဘူး.. လိုအပ်သူများနဲ့ ရှာဖွေသိမ်းဆည်းထားလိုတဲ့ စာပေဝါသနာရှင်များအတွက် ဝေမျှပေးလိုက်ပါတယ်… Download Here       Note: မူရင်း Site ဖြစ်တဲ့ http://www.burmeseclassic.com ကို Credit ပေးပါတယ်ဗျ…

Thunderbolt (950MB)

Post တွေလည်း မတင်ဖြစ်တာ ကြာပါပြီ .. ဒီတစ်ခောက်တော့ Jackie Chan ရဲ့ ပရိသတ်ကြီးများ အတွက် ၁၉၉၅ခုနှစ်လောက်က ထွက်ထားတဲ့ ဇာတ်ကားအဟောင်းလေး Channel Myanmar မှာတင်ထားတာ တွေ့လို့ဝေမျှပေးလိုက်ပါတယ်ဗျာ .. အဲ PC သမားတွေ အတွက်ကတော့ Download Software တစ်ခုခု ရှိမယ်ဆိုရင် ပိုအဆင်ပြေလိမ့်မယ်ဗျ… Download Here Note : မူရင်း Site ဖြစ်တဲ့ Channel Myanmar ကို Credit ပေးပါတယ်…

Duplicate Manager (224KB)

ကျွန်တော်တို့ Mobile Devices (Mobile Phones) အသုံးပြုသူတွေဟာ အသုံးပြုတာကြာလာတာနဲ့ အမျှ ကိုယ်မှာရှိပြီးသား File တွေကို မသိတော့ဘဲ (မရှိသေးဘူးထင်လို့) ထပ်ပြီး Save လုပ်မိတတ် (ထပ်သိမ်းမိ) တတ်ပါတယ်.. ဒါကြောင့် မလိုအပ်ဘဲ File တွေ ပွားပြီး (Duplicate ဖြစ်ပြီး)၊ Memory  စားပြီး ကိုယ်လိုအပ်တဲ့ File တွေထပ် သိမ်းမရတော့တဲ့အထိ ဖြစ်လာပါတော့တယ် (ဥပမာ – Fackbook က ကိုယ်ကြိုက်တဲ့ Photo တွေကို နှစ်ခါသုံးခါ Save Photo လုပ်မိတာမျိုးပေါ့။ အများအခေါ် Memory Full ဖြစ်တယ်ပေါ့)..အဲဒီတော့ ကိုယ် မဖျက်ချင် တဲ့၊ File Size ကြီးတဲ့၊ မဖျက်ရက်တဲ့ HD Video တွေ ကိုဖျက်ရတော့တာပေါ့လေ..😊😊 ဒီလိုမှမဟုတ်လဲ (တစ်ချို့ဆြာကြီးတွေဆိုရင်) File Manager ထဲမှာ ကိုယ်သံသယရှိရာ နှစ်ခုသုံးခုပွားနေတဲ့ File တွေလိုက် ရှာပြီး၊ ဖျက်ရတော့တာပေါ့..          အခုတော့ အဲလိုလိုက်ရှာစရာမလိုတော့ဘဲ လွယ်လွယ်ကူကူ သိနိုင်ပြီး၊ မလိုအပ်ဘဲ နှစ်ခုသုံးခုပွားနေတဲ့ File တွေကို Quickly & Easily Delete လုပ်နိုင်ဖို့ ဒီ Duplicate Manager Apk လေးက ကူညီပေးသွားမှာဖြစ် ပါတယ်..အသုံးပြုရတာလွယ်ပါတယ်…(အ...

SmadAV 2017 (July 31) (2MB)

SmadAV ဆိုရင်ဖြင့် IT သမားတော်တော်များများက သိနေကြပြီး၊ လက်ရှိမှာလည်း သုံးစွဲနေကြတဲ့ PC Anti-Virus Software တစ်မျိုးဖြစ်ပါတယ်..ဆြာကြီးတွေအတွက်ကတော့ ညွှန်းစရာမလိုလောက်အောင်ကောင်းတဲ့ PC File တွေကိုရော၊ မိမိ computer မှာ တပ်ဆင်လိုက်တဲ့ USB Device တွေကိုပါ ချက်ချင်း Virus စစ်ပေးပြီး၊ ရှာဖွေပေးတဲ့ Anti-Virus Software ပါ..July 31 Version (Free Version) နဲ့ထွက်လာတာ ကြာနေပြီဆိုပေမယ့် အခုမှ ရှာဖြစ်လို့ တင်ပေးလိုက်တာပါဗျာ.. Download Here

Pegasun System Utilities (4.8MB)

ကျွန်တော်တို့ Computer (PC) တွေဟာ အသုံးပြုတာ ကြာလာတာနဲ့အမျှ စက်များလေးလံလာပါတယ် (အချို့က Harm တယ်လို့ဆိုကြပါတယ်)..အဲဒီ့အတွက် မလိုအပ်တဲ့ File တွေရော၊ လိုအပ်တဲ့ File တွေကိုပါ Analyze & Optimize လုပ်ပေးဖို့လိုအပ်လာပါတယ်..အခုတော့ အဲဒီ File တွေကို တကူးတက လိုက်ရှာစရာ မလိုတော့ဘဲ PC တွေအတွက် တကယ်အသုံးတည့်မယ့် Pegasun System Utilities လေးကို မိတ်ဆက်ချင်ပါတယ်..သူ့မှာ Free Version & Premiere Version ဆိုပြီး နှစ်မျိုးပါလာပါတယ်..Pro Version ကို ၁၄ရက် အခမဲ့စမ်းသုံးကြည့်နိုင်ပါတယ်.. (၁၄ရက်ပြည့်ရင်တော့ အလိုအလျောက် Free Version ပြောင်းသွားပါတယ်) Free Version Expire ကတော့ Never ပါတဲ့ဗျာ..မိတ်ဆွေရဲ့ Computer (PC) ရဲ့ လုပ်ဆောင်ချက်တွေ မကြုံစဖူး အထူးသွက်လက်မြန်ဆန်သွားတာကို တွေ့ကြုံခံစားရမှာပါ..ကျွန်တော်လည်း လက်ရှိသုံးနေတာ.. အတော်လေးကောင်းလို့ ဝေမျှလိုက်ရတာပါခင်ဗျာ.. Download Here

Pitch Perfect Tuner (1.31MB)

တစ်လောက PC မှာသုံးတဲ့ Pitch Perfect Tuner ကိုတင်ပေးဖူးပါတယ်..အားလုံးသိကြတဲ့အတိုင်း ဂစ်တာ ကြိုးညှိတဲ့ Software လေးပါ..အခုတော့ Android Phone တွေမှာလည်း Install လုပ်ပြီးသုံးလို့ရတဲ့ Mobile Apk လေးတင်ပေးလိုက်ပါတယ်..Computer (PC) တွေမှာ သုံးရတဲ့အတိုင်းပါပဲ..သုံးကြည့်လိုက်ပါဗျာ ..(အသုံးပြုနည်းကိုတော့ မပြောပြတော့ဘူးနော်..လေးစားလျက်ပါခင်ဗျ) Download Here

၃၈ ဖြာမင်္ဂလာပုံပြင်များ (8.91MB)

စာအုပ်လေးတွေ မတင်တာကြာပြီမို့လို့ ဒီတစ်ခါတော့ ကလေးများအတွက်သာမက လူကြီးများအတွက်ပါ ဗဟုသုတ တိုးပွားစေရန် ရည်သန်၍ ဆရာ မင်းယုဝေပုံဖော်ထားတဲ့ “၃၈ဖြာမင်္ဂလာပုံပြင်များ” စာအုပ်လေးကို တင်ပေးလိုက်ပါတယ်… Download Here Note : မူရင်း Site ဖြစ်တဲ့  http://www.dhammadownload.com ကို Credit ပေးပါသည်။

Zapya Installer (4.53MB)

ယနေ့ခေတ်က Wireless ခေတ်ဆိုတော့ Phone နဲ့ Computer တွေမှာ Data File တွေ Sharing လုပ်ဖို့ ကြိုးတွေဟာ အမှိုက်ပုံးထဲမှာနေရာယူရတော့မှာဖြစ်ပါတယ်..အခုလည်း ကျွန်တော်က ဓမ္မမိတ်ဆွေတို့ကို Zapya နဲ့ Phone အချင်းချင်းသာမက Computer (PC) တွေကိုပါ Zapya နဲ့ Wireless ချိတ်ဆက်လို့ရတယ်ဆိုတာ သက်သေပြမှာဖြစ်ပါတယ်..အချို့သော ဆရာကြီးများကတော့ ဒီ App ကိုသုံးတာ နှစ်ပေါက်နေလောက်ပါပြီ..ဒီတော့ ရည်ရွယ်လိုရင်းက မသိသေးတဲ့ ရောင်းရင်းတွေအတွက်ပါနော်..Install လုပ်ရလည်းမခက်ပါဘူး လုပ်တတ်မယ်လို့ယုံကြည်ပါတယ်ဗျာ… Download Here

Muzhiwan Installer (20MB)

Android Applications (Apks) တွေဟာ ပုံမှန်အားဖြင့် PC တွေမှာ ပုံပေါ်လေ့မရှိပါဘူး။ ဒါပေမယ့် ဒီ Muzhiwan Installer လေးကတော့ PC တွေမှာ Install လုပ်ထားရင် computer desktop ပေါ်မှာ Android တွေမှာ မြင်ရတဲ့ အတိုင်း ဖော်ပေးမှာဖြစ်ပါတယ်..ကြာပြီဆိုပေမယ့် အကိုတစ်ယောက်က ပေးပါဦး တောင်းထားလို့ တင်ပေးရခြင်းဖြစ်ပါတယ်..ဒီ APP နဲ့ပတ်သတ်ပြီး အခြား Features တွေလည်းရှိပေမယ့် စာဖောင်မှာစိုးလို့ မပြောတော့ပါဘူး..ဥာဏ်ရှိသလိုသာ သုံးကြပါတော့ဗျာ.. Download Here

Pitch Perfect Musical Instrument Tuner(334KB)

ဒါလေးကတော့ Guitar Player တွေအကြိုက်ဖြစ်မှာပါ..အထူးသဖြင့် Beginner တွေကိုရည်ရွယ်ပါတယ်.. PC တွေမှာ အသုံးပြုလို့ရတဲ့ Guitar ကြိုးညှိတဲ့ Software တစ်ခုပါ.. File Size သေးသေးနဲ့ အတော်လေးအသုံးဝင်ပါတယ်ဗျာ..(ကျွန်တော် ကိုယ်တိုင် Guitar ကို စသင်ခါစက ကြိုးမညှိတတ်ခဲ့တာကြောင့် တော်တော်လေး ကသိကအောင့် ဖြစ်ခဲ့ရတာပါ.. ဒီ Application လေးနဲ့မှ အဆင်ပြေသွားခဲ့ရတာဗျ..) Guitar ဆရာကြီးများအတွက်ကတော့ (မွေးသဖခင် အပါအဝင်) အသေးအဖွဲလေးသဖွယ် ဖြစ်နေမှာတော့ အမှန်ပဲဗျ.. လိုအပ်သူတွေကတော့ သိမ်းထားတာတော့ မမှားဘူးပေါ့ဗျာ… Download Here

Project A2 (Jackie Chan)(865MB)

Jackie Chan ရဲ့ပရိသတ်ကြီးအတွက် သူ့ရဲ့ရုပ်ရှင်အဟောင်းလေးတစ်ကား Channel Myanmar မှာတင်ထားတာတွေ့လို့ Share ပေးလိုက်ပါတယ်… Download Here PC သုံးတဲ့သူတွေအတွက် IDM (Internet Download Manager) လေးရှိမယ်ဆိုရင် ပိုအဆင်ပြေပါလိမ့်မယ်ခင်ဗျ.. Note: မူရင်း Site ဖြစ်တဲ့ Channel Myanmar ကို Credit ပေးပါတယ်ဗျာ..

Asphalt Nitro (14MB)(.Apk)

ခပ်ကြမ်းကြမ်း ကားမောင်းရတဲ့ ဂိမ်းကိုမှကြိုက်ကြသူတွေအတွက် Phone Application Game တစ်ခုဖြစ်ပါတယ်..Need for Speed နဲ့ ပုံစံခပ်ဆင်ဆင်တူပါတယ်..Mission တွေလဲစုံပါတယ်ဗျာ.. အသုံးပြုနည်းက ဒီ Game ကို Phone မှာ Install လုပ်ပြီးရင် Internet ဖွင့်ပြီး Game ထဲကို ဝင်ပါ..(Internet ခဏတော့ဖွင့်ပေးရတယ်ဗျ) ခဏစောင့်ပေးပါ။ Car Logo ပေါ်က အလွှာတွေ တစ်ချပ်ပြီး တစ်ချပ်ကွာသွားပြီး၊ နောက်ဆုံး Car Design လေးတွေအမျိုးမျိုးပေါ်လာပြီဆိုရင်တော့ Internet ကို ပြန်ပိတ်ပါ..ဒါဆိုနောက် ဘယ်တော့ပဲ ကစားကစား Internet ဖွင့်စရာမလိုတော့ဘဲ အမြဲတမ်း Offline Game အဖြစ် ကစားလို့ရပြီပေါ့ဗျာ…ကျန်တဲ့ ကားဝယ်တာတို့၊ မွမ်းမံတာတို့ကိုတော့ မပြောပြတော့ဘူးနော်..မိတ်ဆွေ ဥာဏ်ရှိသလိုသာ သုံးတော့ဗျာ..အဆင်ပြေမယ်လို့တော့ ယူဆမိကြောင်းပါခင်ဗျား… Download Here Note: မူရင်း App ပိုင်ရှင် ရောင်းရင်းကြီး ကို Credit ပေးပါတယ်ဗျား…

အခြေခံဂစ်တာတီးခတ်နည်း (ကိုပေါက်)(18Mb)

Guitar ဝါသနာရှင် လူငယ်များအတွက် ဝါသနာတူသူခြင်း ရှာဖွေပြီးမျှဝေလိုက်ပါတယ်..စမ်းကြည့်ကြပေါ့ဗျာ..နောက်နောင်လည်း Guitar တီးခတ်နည်း စာအုပ်လေးတွေ တင်ပေးဖို့ရှိပါတယ်..အဆင်ပြေကြပါစေဗျာ… Download Here Note : မူရင်း Site ဖြစ်တဲ့ မြန်မာအွန်လိုင်းစာအုပ်စင် ကို Credit ပေးပါတယ်ဗျာ…

The Mummy

Tom Cruise ရဲ့ ရုံတင် The Mummy ဇာတ်ကားဖြစ်ပါတယ်။ Channel Myanmar မှာတင်ထားတာတွေ့လို့ Share ပေးလိုက်ပါတယ်… Download Here Note :  မူရင်း Site ဖြစ်တဲ့ Channel Myanmar ကို Credit ပေးပါသည်။

ညနေမျက်ရည် – ဝေလ (.mp3)

ကျွန်တော့်ရဲ့ Favorite အဆိုတော် ကိုဝေလရဲ့ “ညနေမျက်ရည်” သီချင်းလေးကို အားလုံးနားဆင်နိုင်ဖို့ mp3 music file လေးတင်ပေးလိုက်ပါတယ်ဗျာ.. Download

GSM Bill Widget (403KB)

Phone Apk အဟောင်းလေးပါ၊ ဒါလေးကိုသိတဲ့သူတွေရှိပေမယ့် မသိရသေးတဲ့သူတွေအတွက် GSM ဖုန်းတွေမှာ Bill လက်ကျန်စစ်ဖို့၊ ငွေဖြည့်ဖို့၊ Bill လွှဲဖို့ Phone Screen မှာ Widget တင်ပြီးအလွယ်ကူဆုံးသုံးနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။ အဆင်ပြေကြပါစေဗျာ… Download Note : မူရင်း Site ကို Credit ပေးပါတယ်။

တပွင့်ပန်လည်းလှပါတယ် – အရှင်ဆန္ဒာဓိက

ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ စာဖတ်ပရိသတ်တွေလည်း ဖတ်ဖူးပြီးသားဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ဒါပေမယ့်လည်း မဖတ်ရသေးသူတွေအတွက် ဓမ္မလက်ဆောင်အဖြစ် ‘တပွင့်ပန်လည်း လှပါတယ်’ စာအုပ်လေးကို မျှဝေပေးလိုက်ပါတယ်… Download Note : မူရင်း Site ကို Credit ပေးပါတယ်။

Adobe Photoshop CS3 Lite (48 MB)

P hotoshop နဲ့ Design လုပ်လိုသူများ၊ CS3 အသုံးပြုလိုသူများအတွက် Adobe Photoshop CS3 ကို File Size သေးသေးနဲ့ Full Experience သုံးလို့ရမှာဖြစ်ပါတယ်..အကိုတစ်ယောက်ဆီက ရထားတာပါ..Install လုပ်ရတာလည်း လွယ်ကူပါတယ်..အဆင်ပြေလိမ့်မယ်လို့ ယုံကြည်ပါတယ်ဗျာ… Download Note : မူရင်း Site ကို Credit ပေးပါတယ်။

ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ် – ဖေမြင့်

လူငယ်တွေအတွက် စိတ်ဓာတ်ခွန်အားတွေပေးပြီး ဘဝအောင်မြင်ကြီးပွားရေးစာပေကျမ်းတွေကိုရေးလေ့ရှိတဲ့ ဆရာဖေမြင့်ရဲ့ ပရိသတ်များအတွက် ‘ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်’ စာအုပ်လေးကိုတင်ပေးလိုက်ပါတယ်ဗျာ… Download Note : မူရင်း Site ကို Credit ပေးပါသည်။

Snagit11

ဒါလေးကတော့ IT နည်းပညာကို စိတ်ဝင်စားတဲ့သူတွေ အတွက် PC တွေမှာ Screen Shot ကိုလွယ်လွယ်ကူကူ လုပ်နိုင်မယ့် Application တစ်ခုဖြစ်ပါတယ်။ PC ကုရုတစ်ပါးဆီက ရထားတာပါ။ သုံးရလွယ်ကူပြီး မြန်ဆန်လှပါတယ်။ အသုံးတည့်မယ်လို့ထင်ပါတယ်… Download  Note : မူရင်း Site ကို Credit ပေးပါသည်။

တပြည်သူမရွှေထား – တက္ကသိုလ်ဘုန်းနိုင်

တပြည်သူမရွှေထား – တက္ကသိုလ်ဘုန်းနိုင် ကျွန်တော် လေးစားရပါ၍ အတုယူရသော ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ဟောင်းပေမယ့်ကောင်းနေဆဲဖြစ်သည့်၊ ရုပ်ရှင်ဇာတ်ကားအဖြစ်ပင် အသက်သွင်းခြင်းခံရသည့် ‘တပြည်သူမရွှေထား’ စာအုပ်လေးကို စာဖတ်ပရိသတ်များ ဖတ်ရှုသိမ်းဆည်းထားနိုင်ရန်အတွက် ဆရာ့ကို ဂါရဝပြုလျက် ဝေမျှပေးလိုက်ရပါသည်။ Download   Note : မူရင်း Site ကို Credit ပေးပါသည်။  

မောင့်​သ​ဘော- ဆုမြတ်​မွန်​မွန်

နှလုံးသားခံစားချက်များနှင့် ပျော်မွေ့လိုသူ စာဖတ်ပရိသတ်များအတွက် ဆုမြတ်မွန်မွန်ရဲ့ ‘မောင့်သဘော’ ဆိုတဲ့ ဝတ္တုစာအုပ်လေးကို မျှဝေလိုက်ပါရစေဗျာ… Download   Note : မူရင်း Site ကို Credit ပေးပါတယ်ခင်ဗျာ…